International News

ကိုရိုနာဗိုင်းရပ်ကပ်ရောဂါကြောင့် အမေရိကန်စီးပွားရေးကျုံ့နိုင်ဟု စီးပွားရေးပညာရှင်များ ခန့်မှန်း

Last Updated:

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် မဖြစ်မနေဖွင့်ရန်မလိုသည့် စီးပွားရေးလုပ်ငန်းများကို နေရာအတော်များများတွင် ပိတ်ထား ရသဖြင့် ဒုတိယသုံးလပတ်ကာလတွင် စီးပွားရေးကျဆင်းနိုင်သည်ဟု ခန့်မှန်းကြောင်း စီးပွားရေးအစီရင်ခံစာများတွင် ဖော်ပြထားကြပါသည်။ ယခုနှစ် ဒုတိယသုံးလ ပတ်တွင် စီးပွားရေး ၃၃ ရာခိုင်နှုန်းကျုံ့နိုင်ကြောင်း၊ ယခင်က ၁၉၅၈ ခုနှစ်၊ ပထမ သုံးလပတ်ကာလတွင် စီးပွားရေး ၁၀ ရာခိုင်နှုန်းကျုံ့ခဲ့သည်ထက် ပိုမိုဆိုးရွားလာနိုင် ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းကြပါသည်။

စီးပွားရေးပညာရှင်များက ယခုနှစ် မေလနှင့်ဇွန်လများတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်နိုင်ပြီး စီးပွားရေးပြန်လည်ကောင်းမွန်လာမည်ဟု ခန့်မှန်းခဲ့ကြသော် လည်း ဗိုင်းရပ်ပျံ့နှံ့မှုပိုမိုဆိုးရွားလာနေသည့်အတွက် ၂၀၂၂ အစောပိုင်းကာလအထိ အမေရိကန်စီးပွားရေးသည် ကပ်ရောဂါမဖြစ်ခင် အခြေအနေသို့ ပြန်လည်ရောက်ရှိ နိုင်မည်မဟုတ်ကြောင်း အကြီးတန်း စီးပွားရေးပညာရှင် Mr. Guatieri က BMO Capital Markets တွင် ပြောကြားခဲ့ပါသည်။

အမေရိကန်နိုင်ငံတွင် ဖလော်ရီဒါ၊ တက္ကဆက်နှင့် အရီဇိုးနားတို့တွင် ဗိုင်းရပ်များစွာ ကူးစက်ပျံ့နှံ့ပြီး ယခုပြည်နယ် ၄၀ တွင် ပျံ့နှံ့မှုတိုးတက်လျက်ရှိသည့်အတွက် စီးပွား ရေးလုပ်ငန်းများ ဆောင်ရွက်မှုလျော့ကျပြီး စားသုံးသူများ၏ စိတ်အားထက်သန်မှုများလည်း ပျက်သုန်းလျက်ရှိနေပါသည်။

ဗဟိုဘဏ် တာဝန်ရှိသူများက ဗိုင်းရပ်စ်စတင်ပျံ့နှံ့သည့်အချိန်က အတိုးနှုန်းကိုသုံညထိချပြီး ငွေချေးစာချုပ်များ၊ အပေါင်စာချုပ်များနှင့် နိုင်ငံ့စီးပွားရေးတွင် ငွေကြေး စီးဆင်းမှုဖြစ်စေရန် ချေးငွေအစီအစဉ်များထုတ်ချေးခြင်းတို့ကို တက်တက်ကြွကြွဆောင်ရွက်ခဲ့ကြပါသည်။ နိုင်ငံ့စီးပွားရေး ပြန်လည်ကောင်းမွန်လာသည်အထိဘဏ်တိုး နှုန်းများကို ပြန်လည်မြှင့်တင်မည်မဟုတ်ကြောင်း ပြောကြားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

https://www.marketwatch.com/story/next-week-well-learn-the-size-of-the-hole-the-us-economy-fell-into-when-covid-19-struck-2020-07-25

 

Category: International News